Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Saturday, August 22, 2009

UPLB မှသူငယ်ချင်းများ။

ဒေါ်ရီရီစိုးပို့ပေးလိုက်လို့ ဖိလစ်ပိုင်ရောက်မြန်မာကျောင်းသား၊ ကျောင်းသူများရဲ့လှုပ်ရှားမှု့လေး အမှတ်တရ တင်ပေးထားပါတယ်။ အားလုံးဟာ သူငယ်ချင်းတွေပါပဲ။ မြန်မာတိုင်းရင်းသားတွေရဲ့သရုပ်ဖေါ်ထားတာလေး အလွန်မှ ကြည်နူးဖို့ကောင်းပါတယ်။ တကယ်သွေးရင်းညီကိုတွေပါပဲ။ အားကျဂုဏ်ယူရင်း အားပေး လိုက်ကြပါအုံး။ ကိုဖက်တီးတစ်ယောက် ကတော့ လူကောင်းကြီးသလောက် ပျောက်နေတယ် ထင်တာပဲ။ ကိုမြတ်သူကတော့ အရပ်နဲ့ကို ထင်ပေါ်နေတယ်။ မရီစိုးနဲ့ ခင်ညွန့်ရီလည်း ပျောက်နေသလိုပဲ။ သန္တာတစ်ယောက်ပဲ ထောင်ထောင်မောင်းမောင်းနဲ့ မြင်တွေ့နေရတယ်။ ဟဲ--ဟဲ-- သူတို့မတွေ့ဘူးပြောလို့ စိတ်ဆိုးမလားလို့ရန်စကြည့်တာ။ UPLB မှသူငယ်ချင်းများလို့ပဲ ခေါင်းစဉ်ပေးလိုက်ပါတယ်။ ကော်ပီယူတာ တရားမစွဲဘူးမဟုတ်လား။ ဒေါ်ရီရီစိုး ခွင့်ပြုချက်နဲ့လို့ ပြောရမှာပဲ။ သူပို့ပေးလို့၊ သူ့ကျေးဇူးကြောင်း ဒီလင့်လေးရတာလေ။ ကဲလေမရှည်တော့ပါဘူး။ ရှုစားလိုက်ကြပါအုံး။

ဒါလေးကလည်း မြန်မာတိုင်းရင်းသားများရဲ့ ၀တ်စားဆင်ယင်ပုံလေးတင်ဆက်ထားတာလေးပါ။



0 comments:

Post a Comment