Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Saturday, April 17, 2010

Su Dauck Sa, BuddhaTemple, Yesan City

ပျော်ပျော်ပါးပါး ဘုရားဖူးသွားကြစို့လား

ဒီကနေ့ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အမှတ်တရ ကိုရီးယား ဗုဒ္ဓစေတီတော်(ဆူဒေါ့ဆာ)သို့ ဘုရားဘူးသွားခဲ့ကြပါတယ်။ Food Science Technology Department က ဆရာမ Ms. Kim က သူ့ဌာနက ထိုင်းမတစ်ယောက်ကိုလိုက်ပို့ရင်း Plant Resources Department က ကျွန်တော်တို့ ကိုရော သူ့ကားလေးနဲ့ လိုက်ပို့တာပါ။ သူနဲ့အတူနေတဲ့ ထိုင်းမက သူနဲ့လယ်ဘယ်တူလေ။ ပို့စ်ဒေါက်တွေ။ ထိုင်းနဲ့မြန်မာနဲ့ တပြိုက်ထည်း တစ်ရက်ထည်း ရေသဘင်ပွဲဆင်နွဲတာကို သူကအံသြနေတယ်။ သူက ဘုရားသွားမယ် လိုက်မလားမေးတော့ အွန်စောတို့ကလည်း ဒီအခွင့်အရေးစောင့်နေတာဆိုတော့ နှစ်ခွန်းမေးမခံဘူး ဟဲ--ဟဲ--တစ်ခါထည်းလိုက်မယ်ဆိုပြီး အဖြေပေးလိုက်တယ်။ အွန်စောတို့ကျောင်းနဲ့သိပ်မဝေးဘူးဗျ။ ၁၅ မိနစ်လောက်ပဲ ကားမောင်းလိုက်ရတယ်။ အပေါ်ဆုံးတောင်ထိပ်ထိတော့ မတက်ခဲ့နိုင်ဘူး။ တောင်တစ်ဝက်က Su Dauck Sa (수덕사) ထိပဲ တက်ပြီး ဘုရားဖူးခဲ့လိုက်တယ်။ ဒါကတော့ အ၀င်ပေါက်နဲ့ လမ်းညွှန်မြေပုံပါ။ 매표소 မှာ ၀င်ကျေးတစ်ယောက်နှစ်ထောင်၊ ကားရပ်နားခကလည်း တစ်စီးနှစ်ထောင်ဝမ်တဲ့။

တောင်ပေါ်တက်ဘုရားဖူးနိုင်ဘို့ အဟာရအရင်ဖြည့်လိုက်ကြတယ်။ ဟဲ---ဟဲ---။

ဒီကနေစတက်လာခဲ့လိုက်တယ်။

ဒါကတော့ စေတီနှင့် ဘုရားရုပ်ပွားတော်။

ဒါကတော့ အဓိဌာန်နဲ့ ၉၀ ဒီဂရီ ၀န်းကျင် မတ်စောက်တဲ့ ကျောက်တုံးမှာ ငွေ အကြွေပြားတွေကပ်တာ ဘာမှမပါပဲ ကပ်ရတာ။ နတ်စောင့်တဲ့သဘောဖြစ်မှာပေါ့။ မြန်မာပြည် ကျိုက်ထီးရိုးမှာရှိတဲ့ ကျီးရေသောက် ဘုရားမှာ ကျီးပါးစပ်ထဲ ၀င်အောင်ပစ်ထဲ့ရသလိုပေါ့။

ဒါကတော့ အဓိဌာန်ဘုရားရေ သောက်နေကြတာပါ။ နောက်တစ်ခုက Art Gallery ရှေ့ပါပါ။

ပြခန်းရှေ့မှာပန်းတွေနဲ့တအားလှနေတာပါလား။

ဒါကတော့ ကလေးလေး အရုပ်ဆိုင်မှာ စိတ်ဝင်တစ်စား ကြည့်နေတာလေးကို ချစ်စရာကောင်းတာနဲ့ ရိုက်လာလိုက်တာ။





0 comments:

Post a Comment