Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Monday, January 23, 2012

"Take me Home"

မြန်မာနိုင်ငံမှ ပညာတော်သင် ပါရဂူကျောင်းသူ မအေးအေးသွယ် (အေးအေးတယ်ရှီ) မှ ကိုရီးယားဟင်း (မီနာရီ ဒွင်ဂျမ်းကြိကယ် ဟင်း) ချက်ပြုတ်ပြီး သူငယ်ချင်းများကို ဖိတ်ခေါ်ကြွေးမွေးသလို မြန်မာဟင်းတစ်မျိုးဖြစ်တဲ့ ကြာဇံဟင်းခါးလေး အရသာလည်း မြည်းစားကြည့်စေခဲ့ပါတယ်။ အိမ်ရှင် မိတ်ဆွေ လည်းဟုတ် ဆရာလည်းဟုတ်၊ စီနီယာ ဘီအေဂျီတစ်ယောက်အိမ်မှာ စိတ်တိုင်းကျ စီမံချက်ပြုတ်ခွင့်ရတဲ့ အခွင့်အရေးဟာလည်း လူတိုင်းမရနိုင်တဲ့၊ မလွယ်ကူတဲ့ အခွင့်အရေးလေးပါပဲ။ နောက်ဆုံး ပိတ် သီချင်းလေးကလည်း မိမိမွေးရပ်မြေ၊ မိသားစု နဲ့ဝေးကွာနေကြရသူများအတွက် တမင်ရွေးခြယ် ထားလေသလား။ "Take me Home" အိမ်ပြန်ချင်တယ် တဲ့။ သူငယ်ချင်းတို့လည်း အိမ်မပြန်ချင်သူရှိမယ်မထင်ပါဘူး။ အခုလို ပြည်ပမှာ အခြေအနေအရပ်ရပ်ကြောင့် စွန်စား နေကြရသော အွန်စောတို့ တစ်တွေ အတွက် အိမ်လွမ်းစရာလေးတွေဖြစ်သလို၊ စွန်စားရကျိုးနပ်အောင် မြန်မာဆိုတာလေး တစ်ခုခု လုပ်ပြနိုင်ခြင်းအတွက် သူငယ်ချင်း အေးအေးတယ်ရှီ (မအေးအေးသွယ်) ကို အွန်စောတို့ မြန်မာ တစ်ဖွဲ့လုံးကိုယ်စား ဂုဏ်ယူလျှက်ပါလို့ ပြောကြားရင်း ဒီမှာလာပြီး အမှတ်တရလေး သိမ်းထားလိုက်ပါရစေနော်။ ဝေဖန်ရေးသမားလုပ်ရမယ်ဆိုလျှင် မအေးအေးတယ် သူငယ်ချင်း ဗီယက်နမ် ကောင်လေးနဲ့၊ တရုတ်မလေးက ပြောသွားတဲ့ မြန်မာဝတ်စုံလေးနဲ့ အေးအေးတယ်က အမျိုးသားတစ်ယောက်လို ခန့်ချောကြီးပါတဲ့။ ဟဲ---ဟဲ---။ ဒဲဂျွန်းမြို့ ချွန်းနန် တက္ကသိုလ်က မြန်မာမလေးကတော့ နာမည်အသစ်ရလိုက်ပါပြီ။ ခန့်ချောကြီးနဲ့ အေးအေးတယ်ရှီ တဲ့။ ခင်မင်စွာသော မိတ်ဆွေများလည်း အားပေးကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ဗွီဒီယိုဖိုင်ကိုတော့ ဒီမှာပဲ သွားကြည့်လိုက်တော့နော်။ ဘလော့မှာတင်တာမရဘူးဖြစ်နေလို့။

1 comments:

ွှ့Aye Aye Thwe said...

လာလည်သွားပါတယ် အွန်စောရေ...အွန်စောပြောသလိုပါပဲ...ဒီအစီအစဉ်လေးထဲမှာ မြန်မာဆိုတဲ့ အကြောင်း နောက်ပြီး မြန်မာတွေဟာ ဘယ်နေရာရောက်ရောက် မြန်မာ့ ယဉ်ကျေးမှု မြန်မာ့ ဟင်းလျာ..စတာတွေကို အမြဲ တန်ဖိုးထား မြတ်နိုးနေတယ်ဆိုတဲ့ အကြောင်းတစေ့တစောင်း ပြောပြခွင့် ရလိုက်ပါတယ်...ဒါရိုက်တာကို ကျေးဇူးတင်ရမယ်..Take me home သီချင်းလေး ထည့် ထားပေးလို့ လေ..

Post a Comment